ပြင်ဦးလွင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ကာလများအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်

ပြင်ဦးလွင် ၊ စက်တင်ဘာ     ၂၁

 

မန္တလေးတိုင်းဒေသကြီး ၊  ပြင်ဉီးလွင်မြို့နယ်အတွင်း  Stay  at   Home  သတ်မှတ်ကာလများ အတွင်း ကိုဗစ် - ၁၉  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး နှင့် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက်    ယနေ့နံနက် ( ၈ ) နာရီ မှ  စတင်ပြီး  ဈေးလေး ( သုမင်္ဂလာဈေး )  မီးပွိုင့် လမ်းဆုံတွင် သွားလာနေသော ဒေသခံပြည်သူများ ၊ ယာဉ်များ နှင် လူပုဂ္ဂိုလ်များ ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့်ကဒ်ပြားများယူဆောင်လာရခြင်း ရှိ/ မရှိ   တာဝန် ရှိသူများနှင့်  ဒေသခံပြည်သူများ  ပူးပေါင်းကာ  ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိသည် ။

         

ပြင်ဦးလွင်မြို့နယ်အတွင်း သွားလာနေသော  ဒေသခံပြည်သူများအား နေ့ခင်းဘက်တွင်လည်း မဖြစ်မနေ ပြင်ပသို့သွားလာရန် ကိစ္စရှိပါက  အိမ်ထောင်စု တစ်စုလျှင် လူ( ၁ ) ဦးတည်းသာ ထွက်ရန်နှင့် နှာခေါင်းစည်း မတပ်ဘဲ အပြင်သို့ ထွက်ခွာခြင်းမပြုရန် လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိနှင့်     ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့်  ယာဉ်များ / လူပုဂ္ဂိုလ်များသည်  သက်ဆိုင်ရာဌာနများမှ  စိစစ်ခွင့်ပြုချက်များဖြင့်  သွားလာခြင်း ရှိ/မရှိ   စသည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများကို ကြီးကြပ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည် ။   

         

ယခုလို  တာဝန်ရှိသူများက မိမိတို့ဒေသအတွင်းသို့  သွားလာနေသော ဒေသခံပြည်သူများ ၊ ယာဉ်/ လူပုဂ္ဂိုလ်များ  ဝင် / ထွက်သွားလာနေမှုကို အမြဲစောင့်ကြည့်ရာတွင် ကျန်းမာရေးညွှန်ကြား ချက် များအား လိုက်နာမှု မရှိခြင်း  ၊ ခွင့်ပြုလက်မှတ် မပါသူများကို  ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ  ကိုဗစ်- ၁၉  ရောဂါပိုး ရှိ / မရှိ   စစ်ဆေးပြီး ပိုးတွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုစင်တာများသို့  ပို့ဆောင်ပေးမှာဖြစ်ပြီး ဉပဒေအရ ဆက်လက်အရေးယူ လျက်ရှိပါ ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။  

 

ခရိုင်  (  ပြန်/ဆက်  )