မင်းဘူး စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စား သက်ကြီး ဘိုးဘွား မိဘပြည်သူများအတွက် ပင်စင်လစာငွေများကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၆ နာရီခွဲအချိန်မှ စတင်၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ပင်စင်စားဦးရေ စုစုပေါင်း (၂၈၀၀)ကျော်ရှိပြီး တစ်ရက်ပျမ်းမျှ ဦးရေ (၅၀၀)နှုန်းဖြင့် နံနက် ၆ နာရီခွဲမှ ၁၁ နာရီအချိန်အထိ အ.ထ.က(၁) ကျောင်းဝင်းအတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းအတွင်း၌ သတ်မှတ်ရက်များတွင် ပင်စင်လာရောက် ထုတ်ယူခြင်းမရှိသူများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဖွင့်အချိန်အတွင်း လာရောက်ထုတ်ယူ နိုင်ကြောင်း မင်းဘူးမြို့ မြန်မာ့စီးပွာရေးဘဏ်မန်နေဂျာ ဒေါ်အေးအေးကြိုင်က ပြောသည်။
အဆိုပါ ပင်စင်လာရောက်ထုတ်ယူသူများအားလုံးကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် ဝန်ထမ်းများက ကြက်သား ဆန်ပြုတ် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)