ပိုင်ကျုံမြို့ အထကကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ပိုင်ကျုံ   စက်တင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှု   အမြန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၅၅)နှစ်အထက်   သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ စက်တင်ဘာလ(၁၉)ရက်နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၉၆၆)ဦး ရှိပြီး  စက်တင်ဘာ လ(၂၁)ရက် နေ့တွင်       ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း နောက်ရက်တွင်မှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက် လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများတို့က  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်   ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)