ကျောက်တလုံးကြီးမြို့၌အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိ

ကျောက်တလုံးကြီး        စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးသေးသည့် သံယာတော်များ၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သည့် ရောဂါရှိသူများအားပထမအကြိမ်(Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်၉နာရီမှစတင်၍ ကျောက်တလုံးကြီးမြို့(အ.ထ.က)၌ထိုးနှံပေးခြင်းကိုဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊နှင့်ကာကွယ်ဆေး မှတ်တမ်းများရေးသွင်းခြင်းများဆောင်ရွက်၍ကျောက်တလုံးကြီးမြို့၊ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှကျန်းမာရေးမှူးဒေါ်နန်းနွယ်နှင့်ကျန်းမာရေးဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသည့်ကျောက်တလုံးကြီးမြို့ပေါ် (၆) ရပ်ကွက်နှင့် ပင်တွန်ကျေးရွာအုပ်၊ နောင်ခဲကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စုတို့မှ ကာကွယ်ဆေးထိုး နှံရန်ကျန်ရှိနေသေးသောသံဃာတော်များ၊ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သည့်ရောဂါရှိသူများအား(Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင်လိုအပ်သည်များကို ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်းသိရသည်။

ကျောက်တလုံးကြီး(ပြန်/ဆက်)