ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ် နှင့် အထက်  ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

မောင်တော  စက်တင်ဘာ  ၂၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ် နှင့် အထက် ပြည်သူများအား  ပထမ အကြိမ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ကျေးရွာအုပ်စု အသီးသီးရှိ စုရပ်များတွင် ကာကွယ်ဆေးစတင်ထိုးနှံ ပေး နေပြီဖြစ်ကြောင်း သိရ သည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံ သည့် အသက်(၅၅)နှစ် နှင့်အထက်ပြည်သူများ နှင့် ဦး စား ပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်စီဂျင် ပမာဏ တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အ ခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှုများဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ် နှင့် အထက် ပြည်သူများအား  ပထမအကြိမ် အဖြစ် ကာကွယ်ပေးခြင်းကို ၂၀၂၁ခုနှစ် ၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျေးရွာအုပ်စု ၂၀ အုပ်စုရှိ လျာထား လူဦးရေ ၈၃၃ ဦး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ထိုးနှံပေးလျက် ရှိ ကြောင်း သိရ သည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)