အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူအများသည် အခြေခံသီးနှံ စားသောက်ကုန်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချလျက်ရှိပြီး ဂန္ဓမာပန်းစိုက်ပျိုးသူများအောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
Sep 18,2020
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ရှမ်းပြည်နယ် သစ်တောဦးစီးဌာန Online စနစ်ဖြင့်ကျင်းပသော အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။
Sep 18,2020
ဘီးလင်းမြို့နယ် (အမှတ်-၂၂) တာယာစက်ရုံ Section 3 တွင် တာဝန်ထမ်းဆောင်နေသော စက်ရုံဝန်ထမ်းတစ်ဦးနှင့် ယင်းနှင့် ထိတွေ့ခဲ့သည့် ဝန်ထမ်းများ၌ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိပြီး နောက် စက်ရုံအား ယနေ့နံနက်ပိုင်းမှစတင်၍ ယာယီပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
Sep 18,2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်ပြုလုပ်ခဲ့သည်။
Sep 18,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 18,2020
ရေစကြိုမြို့နယ်၌ ကိုဗစ်-၁၉ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ ထောက်ပံ့မှုကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
Sep 18,2020
ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ကော့ သောင်းခရိုင်၊ ပြည်ကြီး မဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စု၊ တောင်ငယ်ကျေးရွာရှိ ပြည်သူများရောဂါ ကူးစက်မှုမှ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရေးကို ယမန်နေ့ ၁၁နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။