ညောင်တုန်း စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် နာရေးကူညီမှုအသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး နှိုးဆော် ချက်များကိုအသံချဲ့ စက်ဖြင့် လိုက်လံဆောင်ရွက်နေကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနိုးဆော်ချက်များကို အပါတ်စဉ် မြို့ပေါ်ရပ်ကွက်များ၊ မြို့မစျေး၊ လူစည်ကားရာနေရာများ တွင် အသံချဲ့စက်ဖြင့်“မိဘပြည်သူများ လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင် ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့်အတူ မိမိတို့ကလည်း အခြားသူများထံသွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း များမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင်ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိ တို့ကိုပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေ ထွက်ရှိအောင်လုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေ ရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်” စသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ချက်များကို လိုက်လံကြေညာခဲ့ကြောင်း သိရသည်။
ထို့အပြင် အသက် ၆၀ မှ ၆၄ နှစ် အတွင်းပြည်သူများအား ညောင်တုန်းမြို့နယ် အတွင်းဆေးထိုးစုရပ် နေရာ ၆ ခုတွင် ကျန်းမာရေး ဌာနမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ၂၁ ရက် နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ် နံနက်၉နာရီမှ ညနေ၃နာရီ အထိကာကွယ်ဆေး များသွားရောက်ထိုးနှံကြပါရန် အသံချဲ့စက်များဖြင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ကြေညာခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)