အမာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက်(၁၀)နာရီတွင် အမာမြို့ အ.ထ.ကကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာတွင် သတ်မှတ်ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်နေသေးသည့် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း မိဘပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ အမာမြို့မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး ဦးဆောင်သော မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း၊ နယ်မြေရဲစခန်းမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆေးထိုးနိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အမာ(ပြန်/ဆက်)