အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2020
ပုလောမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၁) ဦး အစားထိုးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ပုလောမြို့၊ မကျည်းကုန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 20,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ကြသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အနောက်ဘက်လမ်း အရှည်ပေ ၂၆၅ ​ပေ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Sep 20,2020
၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆို သောအားဖြင့် လင်းခေးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ မိသားစု၊ မြို့မရဲစခန်း တပ်ဖွဲ့ဝင်မိသားစုတို့က လင်းခေးမြို့နယ် ပုန်းထွန်အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ကျောင်းဝင်း အတွင်း သန့်ရှင်းရေး စုပေါင်းလုပ်အားပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက် ၆ နာရီက မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်ရှိ ထေရဝါဒဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ လှည်ဘီးပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
Sep 20,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ပူး​ပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့်​ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၁၈ ရက် ည​နေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Sep 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် အောက်တို ဘာလ ၁ ရက်နေ့တွင် ရောက်ရှိမည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့‌နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မိုင်းယန်းမြို့နယ် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။