ပိုင်ကျုံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျင်မြန်စွာ ကူးစက်ပြန့်ပွာ်လျက်ရှိပြီး နေ့စဉ် ရောဂါကူးစက်မှု များဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေး ပန်ကြားချက်များ ကို ယနေ့နံနက်(၈) နာရီအချိန်က ကာကွယ်ဆေးထိုးနှံရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကရင် ၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှိုးဆော်ချက်များအား ဒေသခံပြည်သူများ ဗဟုသုတပိုမိုရရှိစေရန်ရည်ရွယ်၍ မိဘ ပြည်သူ များအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေထိုင်ပါ၊ သို့မှာသာရောဂါ ကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များလက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြ ရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါကပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်း စည်းမတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာ ခြင်းကိုရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြော ကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင် လေထွက်မကောင်းသော အခန်းများ သွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို မိမိတို့ အတွက် အကောင်းဆုံးဖြစ်၍ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများ ကို ဆက်လက်လိုက်နာပါစသည့် ဆောင်ရန်/ရှောင်ရန် အချက်များအားလိုက်လံ နှိုးဆော်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)