ငွေဆောင် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်(First Dose) ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် အ.ထ.ကကျောင်းခွဲ သဇင်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ငွေဆောင်မြို့ ကိုဗစ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်၍ သဇင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၅၅)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူ(၂၀၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မူမူ(ငွေဆောင်)