လွိုင်ကော် စက်တင်ဘာ ၂၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ချိကယ်ကျေးရွာအုပ်စုနှင့် လွိုင်လင်လေးမြို့တို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများသို့ အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပန်းခင်းစီမံချက်များ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ချိကယ်ကျေးရွာအုပ်စုအတွင်းရှိ အမတ (၃၅၆)တပ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသူ (၃၂)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်းလျှောက်ထားသူ အိမ်ထောင်စု(၇)စု၊ လွိုင်လင်လေးမြို့ရှိ ခမရ (၅၃၀)တပ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားလာရောက် လျှောက်ထားသူ(၂၆)ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားသူ အိမ်ထောင်စု(၄)စုတို့ကို အခမဲ့ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)