မင်းပြားမြို့ ၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် (Mask Campaign) ပြုလုပ်ခြင်း နှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

မင်းပြား  စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိစေရေး အတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း Mask များကိုမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း MaskCampaign ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို စက်တင်ဘာ ၂၄ ရက် နေ့လည်ကမင်းပြားမြို့  ကိုဗစ်-၁၉ကာကွယ်ဆေးထိုး စုရပ် ပြည်သူ့ဆေးရုံနှင့် ရာမောင်ခန်းမနေရာများ၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ မင်းပြားမြို့၌ Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့် မင်းပြားမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက် ကြသောပြည်သူများအားမြို့နယ်ရဲတပ်ဖွဲ့၊ မင်းပြားမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြန်ကြား ရေးနှင်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သာသနာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ခင်မောင်ညိုဖောင်ဒေရှင်း တို့ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသောပြည်သူများအား နှာခေါင်းစည်းများဖြန့်ဝေခြင်း၊  နှာခေါင်းစည်းများကိုစနစ်တကျတပ်ဆင်ရန်(Mask Campaign) ပြုလုပ်ခြင်း၊ လက်သန့်ဆေးရည် ဖြင့်လက်ကိုသန့်စင်ဆေးကြောခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

သိန်းနုအောင် (ပြန်/ဆက်)