အမာ စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင်ကြီးတန်းကျေးရွာ၊ ဂေါ်ဒူကျေးရွာ၊ ခတ္တာကျွန်းကျေးရွာများရှိ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ထောင်ကြီးတန်းကျေးရွာ စာသင်ကျောင်း၌ စုရပ်ဖွင့်လှစ်ပြီး အသက်(၅၅)နှစ်မှ အသက်(၆၄)အထိ မိဘပြည်သူ များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ အပါအဝင် လူဦးရေ (၈၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးမှ ကြီးကြပ်၍၊ နယ်မြေခံတပ်ရင်း၊ နယ်မြေရဲစခန်းမှူး၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာမှတာဝန်ရှိသူများက ပြည်သူများအား ကာကွယ်ဆေးမထိုးမှီအပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါကဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာ များဖြစ်ပေါ်လျှင်ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)