ရေဖြူ စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ ဦးစားပေးအုပ်စုတွင် ပါဝင်သည့် ပြညသူများအား စက်တင်ဘာ ၁၆ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်) စတင်ထိုးနှံပေးရာ ယမန်နေ့ အထိ ပြည်သူ(၄၈၂၅)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်/ကျေးရွာအလိုက် သတ်မှတ်ရက်များ၌ ထိုးနှံပေးပြီး စက်တင်ဘာ ၁၆ရက်(၃၄၀)ဦး၊ စက်တင်ဘာ ၁၇ ရက်(၃၆၀)ဦး၊ စက်တင်ဘာ၁၈ရက် (၈၁၀)ဦး၊ စက်တင်ဘာ ၁၉ ရက် (၉၀၀)ဦး စက်တင်ဘာ၂၀ ရက်(၇၀၀)ဦး၊ စက်တင်ဘာ (၂၁)ရက် (၁၂၀)ဦး၊ စက်တင်ဘာ ၂၂ ရက် (၁၀၅၀)ဦး စက်တင်ဘာ(၂၄)ရက် (၅၄၅) ဦး စုစုပေါင်း (၄၈၂၅)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဖြူဖြူရှိန်(ရေဖြူ)