သထုံ၌ ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

သထုံ     စက်တင်ဘာ     ၂၅

မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်းနှင့် တပ်မတော် သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သထုံခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့်တို့က သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်ဘုရားလမ်းရှိ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးဝန်း အတွင်း/အပြင်တို့၌ ခြုံနွယ်ပိတ်‌ပေါင်းများရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်း‌ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)