သံတွဲ စက်တင်ဘာ ၂၅
မြန်နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များဆိုင်ရာ အသင်းချုပ်(ရန်ကုန်မြို့)မှ ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကိုယ်ခံအား ကောင်းမွန်ကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ကာကွယ်နိုင်ရေးအတွက် သောက်သုံးနိုင်ရန်လှူဒါန်းသည့် (အမေရိကန်နိုင်ငံ) ကိုယ်ခံအားမြှင့်ဆေးရည် Vitamin D-3 ဆေးရည်များအား ယမန်နေ့တွင် ငပလီမြို့ ပရဟိတ လူမှုရေးအဖွဲ့မှ အလှူရှင်များ ကိုယ်စားသက်ဆိုင်ရာ ကျေးရွာတာဝန်ခံများသို့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရသည်။
အဆိုပါ Vitamin D-3 ဆေးရည်များ များကို သံတွဲခရိုင်အတွင်းရှိ ဂွမြို့နယ် ဆပ်သွားကျေးရွာ အုပ်စုမှ သက်ကြီးရွယ်အို ၆၀၀၀ ဦး၊ မူဆလင်လူငယ်အဖွဲ့ (သံတွဲမြို့)ရှိ လူဦးရေ ၄၅၀၀ဦး၊ သံတွဲမြို့နယ် မော်ရုံ ၊မော်ရှည်၊ ကွင်းဝိုင်း၊ ကျီးကန်းရဲ ကျေးရွာတို့မှ သက်ကြီးရွယ်အို ၁၅၀၀ဦး ၊ ဆတ်လည်မျှော်ကျေးရွာမှ သက်ကြီးရွယ်အို ၁၅၀ဦးနှင့် ငပလီမြို့ မြပြင်ရပ်ကွက်ရှိ လူဦးရေ ၁၅၀တို့ သောက်သုံးနိုင်ရေးအတွက် ကိုယ်စားသက်ဆိုင်ရာ ကျေးရွာတာဝန်ခံများသို့ ဖြန့်ဝေ ပေးခဲ့ကြောင်း ငပလီမြို့ပရဟိတလူမှုရေးအဖွဲ့မှ သိရှိရသည်။
သန့်ဇင်(ပြန်/ဆက်)