Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့တွင် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေးဝန်ထမ်းနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရေး ကြပ်မတ်ဆောင်ရွက်
Sep 21,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးကို အဓိကထား၍ နေ့စဉ်နံနက် (၆) နာရီမှစတင်ကာ ကျန်းမာရေးဝန်ထမ်းနှင့်တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့ ဂေါ်ဒူကျေးရွာတွင် လူနေအိမ်(၁၂)လုံးနှင့် ထောင်ကြီးတန်းကျေးရွာတွင် လူနေအိမ်(၁၄)လုံး မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဒီရေတက်ပြီး သဲဖုံးခြင်း၊ ယိုင်နဲ့ပ…
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ဒီရေများမြင့်တက်လာခြင်းကြောင့် လူနေအိမ်(၁၂)လုံး ရေနစ်မြုပ်၍ယိုင်နဲ့ ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့နယ်၊ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Sep 21,2020
ကရင်ပြည်နယ် ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်လေပြင်းတိုက် ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ်တစ်ချို့ပျက်စီး
Sep 21,2020
ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ စက်တင်ဘာလ ၁၉နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိလူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ပြီး မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိ
Sep 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး (အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွား ပြည်သူ (၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရှားပါးပင်လယ်လိပ်တစ်ကောင် ပြန်လည်လွှတ်ပေး
Sep 21,2020
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများရိုက်ခတ်သဖြင့် လေးမိုင်ကမ်းခြေသို့သောင်တင်လာသည့် ရှားပါးပင်လယ်လိပ်တစ်ကောင်အား ပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပြလို့မြင့်ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းပျက်စီး
Sep 21,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်း(၁)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းအရှည် (၂၀၀) ပေ၊ အကျယ်(၃၀) ပေ ပျက်စီးမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းဦးဆောင်၍ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ Thermal Scanner များပေးအပ်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပေးအပ်သော Thermal Scanner များ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25408
Page
25409
Page
25410
Page
25411
Current page
25412
Page
25413
Page
25414
Page
25415
Page
25416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department