Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်တွင်းမြို့နယ် မြင်းစုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ်ထုတ်ချေးပေး
Sep 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကိုဗစ်-၁၉ကာလအတွင်း ကျေး လက်နေ ပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ခေါင်ရမ်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 26,2021
ကွမ်းလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်ကမြို့ပေါ်ရပ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ၏ ရင်တွင်းစကားသံများ
Sep 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၅၅နှစ်နှင့် ၆၄နှစ် ကြားရှိသူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါ ရှိသူများကို ပထမအကြိမ် (ဒုတိယနေ့)အဖြစ် ယမန်နေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိရာ အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများထဲမှ ပြည်သူနှစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။
အပြည့်အစုံ ဖတ်ရန်
(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စစ်တွေမြို့၌ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
Sep 25,2021
အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်ရှိ နယ်မြေခံလုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲ ကို စစ်တွေမြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချ
Sep 25,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စေတနာ့ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး စေတနာ့ဝန်ထမ်း လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်ကျကျ ဆောင်ရွက်တတ် စေရန် ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် စွမ်းရည်မြှင့် သင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ၁၂ ခန်းတွဲ လေးထပ် ပြည်သူ့အငှားအိမ်ရာ ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီး
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် တည်ဆောက်လျက်ရှိသည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်းမှာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဝင်ငွေနည်း ပြည်သူများ နေရေးဖြေရှင်း ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အ ထည်ဖော် တည်ဆောက်နေသည့် ၁၂ ခန်းတွဲ လေးထပ် ပြည်သူ့အငှားအိမ်ရာ အဆောက်အဦမှာ ယခုအခါ ၇၅ ရာ ခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်နေသည့် WELLTECH ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လင်းထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေကျော်သောကြောင့် အရေးပေါ်အခြေအနေ ပြည်သူများအား အသိပေးနှိုးဆော်ထား
Sep 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည် ရေလှောင်တမံရှိ သည့်အနက် မန်းချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၁၀ နာရီအချိန်တိုင်းတွာ ချက်အရ ဆည်ရေပြည့် အမှတ် (R.L 625)Ft ရှိရာမှ (R.L 625.8)Ft သို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (၀.၈)ပေ အမြင့်အဖြစ် စတင် ရေကျော်လျက်ရှိပြီး ရင်းရှည်ရေလှောင်တမံသည် ဆည်ရေပြည့်အမှတ် (RL 602)Ft ရှိရာမှ (R.L 602.3)Ft သို့ရောက်ရှိပြီး ရေပိုလွှဲမှ (၀.၃)ပေ အမြင့်ဖြင့် ရေကျော်ကျနေ၍ အရေးပေါ်အခြေ အနေအဖြစ် အစိမ်းရောင် အလံလွှင့်ထူ၍ ပြည်သူများအား အသိပေးနှိုးဆော်ဆောင်ရွက်ထားရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် မိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်းများ တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စံပြကွက်အား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲကျင်းပ
Sep 25,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်အုပ်စု ဘုရားထူးကျေးရွာ အရှေ့ကွင်း တောင်သူ ဒေါ်စုစု၏ မိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်း ကွင်းအမှတ်(၉၁၈)၊ ဦးပိုင်အမှတ်(၅၂၈)၊ (၅.၀၀)ဧကစိုက်ခင်းတွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါး(၁)ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြကွက်အား ယနေ့နံနက် ၈နာရီအချိန်က ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25408
Page
25409
Page
25410
Page
25411
Current page
25412
Page
25413
Page
25414
Page
25415
Page
25416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department