သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားအား ဒုတိယအသုတ်(ဒုတိယနေ့) ထိုးနှံပေးလျက်ရှိ

သံတွဲ စက်တင်ဘာ  ၂၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်နှင့် အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၃၀ အချိန်အထိ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေးဌာန ဆေးထိုးစင်တာ(၁၀)ခုတွင် ဒုတိယအသုတ် (ဒုတိယနေ့) ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို ယခင်က အသက်  ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ အုပ်စုများအပြင် အစိုးရ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း ၁ ဦး စေတနာ့ ပရဟိတအဖွဲ့ ၉၈ ဦး၊ ဘုန်းတော်ကြီးများနှင့် သာသန ဝန်ထမ်းများ(၁၄)ဦး နိုင်ငံ့ဝန်ထမ်း ၆၁ ဦး၊ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံဝန်ထမ်းများ ၃ ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ဝန်ထမ်း ၂၃ ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ အစားအသောက် ဝန်ဆောင်မှုတန်ထမ်း ၅၄ ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှု  ဝန်ထမ်း ၃၉ ဦး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံငံတကာ ဝင်ထွက်ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်း ၂ ဦး၊ ပို့ကုန် သွင်းကုန်လုပ်ငန်း/ကုန်ပစ္စည်းသိုလ်လှောင်ရေး လုပ်ငန်းလုပ်ဆောင်သူ ၂၀၀ ဦး၊ အခြားလာရောက်ထိုးနှံသူ ၁၅၈၅ ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ၊ စားသောက်ဆိုင်များမှ တန်ထမ်း ၈၈ ဦး၊ မှီခိုသူ ၁၁၉၀ ဦး၊ မသန်စွမ်းသူ ၆ ဦး၊ နာတာရှည် ရောဂါရှိသူ ၆၉ ဦး စုစုပေါင်း (၃၄၃၅)ဦး  တို့အား ထပ်မံဖြည့်သွင်း၍ ဆေးအလုံးရေ ၆၈၇ လုံး ထိုးနှံပေးခဲ့ကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၁ ရက်နေ့ထိ ထိုးပေးသွား မည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ခရိုင်ဆရာဝန်ကြီး ဒေါတ်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)