လောက်ကျန့်ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ကွင်းဆင်းစစ်ဆေးရာ ပိုးတွေ့လူနာ (၁၇)ဦးတွေ့ရှိ

မိုင်းယန်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လောက်ကျန့်ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုး ရှှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း  စစ်ဆေးရေးအဖွဲ့က မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန့်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ အမျိုးသား(၄၀)ဦး၊ အမျိုးသမီး(၄၄)ဦး စုစုပေါင်ကျေးရွာနေ ပြည်သူ(၈၄)ဦးတို့အား RDT TestKit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခဲ့ရာ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၁၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ စက်တင်ဘာ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာ စုစုပေါင်း(၆၂)ဦးတွေ့ရှိသည့်အနက် (၃၉)ဦးကို ကျန်းမာရေးပြန်လည် သက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ဆေးကုသဆဲ(၂၂)ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)