သံတွဲ စက်တင်ဘာ ၂၅
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၇)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ စုပေါင်း၍ သံတွဲခရိုင်ဆေးရုံဝန်းအတွင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဂုဏ်ပြုသန့်ရှင်းရေး ဆောင်ရွက်ရာတွင် သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၂) လုံခြုံရေး တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် သံတွဲမြို့မစခန်းမှ တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ စုပေါင်း၍ သံတွဲခရိုင်ဆေးရုံဝန်းအတွင်းရှိ ခြုံနွယ်များအား ရှင်းလင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာ စိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ချီမြှင့်အားပေးခဲ့ကြကြောင်း၊ အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယတပ်ဖွဲ့စုမှူး ရဲအုပ် သန်းစိုးအောင်ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)