ထန်းတပင်၌ နှာခေါင်စည်းတပ်ဆင်သွားလာရေးလှုပ်ရှားမှု(Mask Campaig)ဆောင်ရွက်

ထန်းတပင် စက်တင်ဘာ ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါအား ထိရောက် စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက်  စက်တင်ဘာလ ယနေ့ နံနက်ပိုင်းတွင် မြို့မစျေးစျေးရှေ့နှင့် လမ်းဆုံကားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်း Mask များ တပ်ဆင် သွားလာရေး လှုပ်ရှားဆောင်ရွက်မှု (Mask Campaign)နှင့် ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများ သိရှိလိုက်နာဆောင်ရွက် စေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထန်းတပင်မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေး သို့ လာရောက်ကာ စျေးဝယ်ကြသူများ၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ် ဖြတ်သန်းသွားလာ နေကြသူများတွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါက တစ်ခါသုံး နှာခေါင်းစည်း Maskများကို (အခမဲ့) ဖြန့်ဝေဆောင်ရွက်ခဲ့ကြကာ တပ်ဆင်ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါကလည်း အသစ်လဲလှယ်တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာစေရေး တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။      

နှာခေါင်စည်း တပ်ဆင်သွားလာစေရေး လှုပ်ရှားဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင်လည်း နှာခေါင်းစည်း မတပ်ဆင်သူများကို အဓိကထားကာ နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာ နိုင်စေရေးအသိပညာပေး Mask Campaign ကိုဆောင်ရွက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)