ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်

ကျောက်ဖြူ စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ခိုလှုံရာစခန်းသို့ သွား‌ရောက်၍  Mask Campaign ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင် သည့် ဝန်ထမ်းများက ၎င်း IDPs စခန်းဝင်းအတွင်းရှိ ဈေးဆိုင်အသီးသီးတွင် ဈေး‌ရောင်းချနေကြသူများ၊ သွားလာလှုပ်ရှားနေ သူများနှင့် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများ ကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်းများကို ‌ဆောင်ရွက် ပေးပြီး ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ရမည့် အကြောင်းအရာများအား အသိပညာပေးပြော ကြားကာ နှာခေါင်းစည်း(Mask) အခု ၅၀၀ ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်ပြီး အဆိုပါဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရ သည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)