မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး

မိုင်းဖြတ် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က စ၍ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို    ကိုယ်ပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာစစ်ဆေးခြင်း၊ ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများ၊  မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများ(ကူးစက်မှုမရှိသော)ကို ထိုးနှံပေးနေပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေးများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး မိုင်းဖြတ်မြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ်အတွက်  ကာကွယ်ဆေး(၂၃၅)လုံးရရှိထားပြီး ဆေးတစ်လုံးလျှင်(၅)ဦးနှုန်းဖြင့် လူဦးရေး(၁၁၇၅)ဦးကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးစုရပ်(၁၄)နေရာတို့၌ စက်တင်ဘာ ၂၅ရက်မှ ၂၇ ရက်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာသို့  နယ်မြေခံတပ်ရင်းမှ အရာရှိများ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)