မိုင်းရှူး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁)ရပ်ကွက်၊ ခလရ(၁၄၉)တပ်အတွင်း နေထိုင်လျက်ရှိသည့် အသက်ပြည့်မီပြီး ကိုင်ဆောင်လက်မှတ် မရှိသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စက်တင်ဘာ ၂၄ ရက်နေ့က တပ်တွင်းခန်းမဆောင်တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာ တွင်မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းတို့က နိုင်ငံသားစိစစ်ရေးကတ်ပြားနိုင်-၃(က) ကျား(၄) ဦး၊ မ(၅)ဦး၊ ပေါင်း(၉)ဦး၊ နိုင်-၆(က)ကျား(၂)၊ မ(၁)ဦး၊ ပေါင်း (၃)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်းပျောက်ဆုံး/မိတ္တူ စုစုပေါင်း (၇)စုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်ပေါ်သူ(မိုင်းရှူး)