ပန်းတနော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပျက်စီး

ပန်းတနော် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ​နော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းပဲ့ကျရာ အနီးရှိနေအိမ်( ၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ပျက်စီးသွားသောနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အားကျေးရွာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ဒေသခံပြည်သူများက ပြန်လည်ပြုပြင်ပေးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)