ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများလှူဒါန်း

သံတောင်ကြီး        စက်တင်ဘာ ၂၅  

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ  ကရင်ပြည်နယ် ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံ၌လိုအပ်လျက်ရှိသော ဆေးရုံသုံး ပစ္စည်းများဖြစ်သည့် Vaccum Machine စက်နှင့် Baby Warmer စက်  နှင့်လိပ်သိုမြို့တိုက်နယ်ဆေးရုံအတွက်  5-KVA  Genertor စက် လှူဒါန်းမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က မြို့နယ်ဆရာဝန်ဒေါက်တာကျော်ကျော်လင်းထံ    ပေးအပ်ခဲ့ကြောင်း  သိရသည်။

သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံတွင် Vaccum Machine စက်ရှိပြီး‌ဖြစ်သည့်အတွက်စက်နှင့် ကလေးများဆွဲထုတ်ပေးနိုင်သည်သာမက ဓမ္မတာအတိုင်းမွေးဖွားပေးနိုင်ခြင်း၊ မိခင်များမှကလေး ရိုးရိုး မွေးဖွားနိုင်၍   မိခင်နှင့်ကလေးအန္တရာယ်ကျရောက်နိုင်မှု  နည်းပါးခြင်း၊  လူသက်သာခြင်း၊   ကလေးကို ဆွဲမထုတ်နိုင်၍     ခွဲစိတ်မွေးဖွားရမည်ဆိုပါက  ငွေကုန်ကြေးကျများခြင်း၊ လူပို၍ပင်ပန်းခြင်း၊ အသက် အန္တရာယ်ထိခိုက်မှုများ    စသည်တို့မှ  ရှောင်လွဲနိုင်ခြင်း၊   Baby Warmerစက်ရှိပြီးဖြစ်သည့်  အတွက် မွေးကင်းစကလေးများ၏ ကိုယ်အပူချိန်လျော့ကျတတ်မှုကိုကာကွယ်နိုင်ခြင်း၊ မွေးကင်းစကလေးများ၏ ကိုယ်အပူချိန်လျော့ကျတတ်မှုကိုကာကွယ်နိုင်ခြင်းကြောင့်  ၎င်းတို့တွင်ဖြစ်တတ်သော   ကိုယ်အပူချိန် လျော့ကျ၍ သေဆုံးနိုင်ခြေကိုကာကွယ်နိုင်ခြင်း၊ မွေးကင်းစကလေးများ၏ ပုံမှန်ကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ စွာကိုရရှိစေကြောင်းမြို့နယ် ဆရာဝန်ဒေါက်တာကျော်ကျော်လင်းထံကသိရှိရသည်။

“ယခုလို   သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံမှာ အရမ်းလိုအပ်တဲ့   Vaccum Machineစက်နှင့် Baby Warmer   စက်ကို  လှူဒါန်းပေးတဲ့   ကရင်ပြည်နယ်အစိုးရအဖွဲ့ကို    အထူးကျေးဇူးတင်ပါတယ်။ ဒီစက်တွေရှိလာပြီဖြစ်တဲ့အတွက် ကျမတို့လို ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးဖွားလာမဲ့ကလေးတွေ အတွက် အရမ်းအဆေပြေစေပါတယ်။  ရိုးရိုးကလေးမွေးချင်တဲ့  ကျွန်မအတွက်အဆေပြေစေပါတယ်။  ဒါကြောင့် လှူဒါန်းပေးတဲ့  ပြည်နယ်အစိုးရအဖွဲ့နဲ့အသုံးပြုကုသပေးမဲ့  ဆရာဝန်၊ဆရာ/ဆရာမအားလုံးကို ကျေးဇူး တင်ပါတယ်” ဟုသံတောင်ကြီးမြို့ရပ်ကွက်(၄)တွင် နေထိုင်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး   နော်နိုးရာ  ကပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)