ရေတာရှည်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရေတာရှည် စက်တင်ဘာ  ၂၅

တောင်ငူခရိုင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ကဲလင်းကုန်း​ကျေးရွာဘုန်​တော်ကြီး​ကျောင်း ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရေတာရှည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဘိုး​တော်ကုန်း ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် အသက် ၁၆ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ဒေသခံပြည်သူ ၉၅ ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ပြုလုပ်ပေးသည်။

ပန်းခင်းစီမံချက်ဖြင့် ရေတာရှည်မြို့နယ်အတွင်း  အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်းမာ​ရေးမ​ကောင်းသဖြင့် စုရပ်သို့ လာ​ရောက်ပြုလုပ်နိုင်ခြင်းမရှိသူများအား နေအိမ်အ​ရောက် လိုက်လံ​ဆောင်ရွက်​ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည် မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အေးဆု