Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အင်္ဂပူ၌ အသက် ၅၅ နှစ်အထက် ပြည်သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးအား ထိုးနှံရေး လှည့်လည်အသိပေးကြေညာ
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန်တွင် အသက် ၅၅ နှစ်အထက် ပြည်သူများအား ကို ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လှည့်လည် အသိပေးကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
“နယ်စပ်ဒေသ မုံးကိုးမြို့၌ တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေး”
Sep 27,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ထေရဝါဒဘုန်တော်ကြီးကျောင်း၌ရောက် ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများနှင့်ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအားယနေ့ နံနက် ၁၀:၀၀နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား စျေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်သော ဆန်အိတ် များကို ဖြန့်ဖြူးရောင်းချပေးသွားမည်
Sep 27,2021
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆန်စျေးနှုန်း တည်ငြိမ်စေရေးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်အပါအဝင် သန့်ရှင်း လတ်ဆတ်သော အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေ ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စျေးကားများ ဖြင့် (Mobile Market) ဖွင့်လှစ်၍ အိမ်တိုင် ရာရောက် လိုက်လံလှည့်လည် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ယခုအခါ တိုင်းဒေသကြီးအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုများအား စနစ်တကျ ရွေးချယ်စာရင်းပြုစု ပြီး (Good Rice–Good Price) အစီအစဉ်ဖြင့် ဧည့်မထသန့်စင်ပြီး ဆန်ဖြူနှင့် ပေါ်ဆန်းမွှေးဆန်များအား ဖြန့်ဖြူး ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးရှိ မန်းချောင်းရေ ထပ်မံတိုးမြင့်လာပြီး အောက်ခြေတော်ရာအထက် တစ်ပေခန့် ဖြတ်သန်းစီးဆင်းလျက်ရှိ
Sep 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရား မန်းချောင်း အထက်ပိုင်းရှိဒေသ များတွင် ယခုရက်ပိုင်း မိုးများစွာရွာသွန်းခဲ့မှုကြောင့် ရွှေစက်တော်ဘုရား မန်းချောင်း အတွင်း ယနေ့နံနက်ပိုင်းက မန်းချောင်းရေများထပ်မံတိုးမြင့်လာပြီး အောက်ခြေတော်ရာ ရင်ပြင်အထက် တစ်ပေခန့် ဖြတ်သန်းစီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Sep 27,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၆၁) ခြေလျင်တပ်ရင်း၊ တပ်တွင်းခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တစ်ခင် စစ်ဆေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Sep 27,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ကို Stay at home ကာလ သတ်မှတ်ထားသည့် အတွက် ယနေ့ နံနက် ၈ နာရီတွင် ဟိုပင်မြို့ ပြည်သူ့ဆေးရုံနှင့် ရွှေဘို−မြစ်ကြီးနား ကားလမ်း ဆုံတွင် လမ်းသွား/လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တစ်ခင် စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေခြင်းကို မြို့အဆင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်ဦးစီးမှူး ဦးသိန်းကျော်နှင့် တပ်ဖွဲ့၀င်များ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့၀င်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ ဆဲဖယ်(ရွာသစ်)ကျေးရွာ၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မွမ်းမံသင်တန်း (၂/၂၀၂၁)ပို့ချ
Sep 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီစဉ်မှုဖြင့် ကျေးရွာများတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် ရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မွမ်းမံသင်တန်း (၂/၂၀၂၁) ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု ဆဲဖယ်(ရွာသစ်) ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်နှင့် (၅)နှစ်အောက်ကလေး (၁၅၂)ဦးတို့အား ကိုဗစ်-၁၉ ထောက်ပံ့ငွေများ ပေးအပ်
Sep 27,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာသည့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည်နှင့် အသက် (၅)နှစ်အောက် ကလေးစုစုပေါင်း (၁၅၂)ဦးတို့အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက် က ကာယကံရှင်များ လက်ဝယ်အရောက် ထောက်ပံ့ငွေများကို သွားရောက် ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25385
Page
25386
Page
25387
Page
25388
Current page
25389
Page
25390
Page
25391
Page
25392
Page
25393
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department