ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရဗေဒဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ       စက်တင်ဘာ        ၂၇

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ကြသည့် ဒေသခံတောင်သူများ  စနစ်တကျ မွေးမြူလုပ်ကိုင်တတ်စေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ စက်တင်ဘာ ၂၆ ရက် ၊ နံနက် ၉ နာရီက ဒေသခံတောင်သူ   ၂၀ ဦးအား အာဟာရဗေဒဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်လှစ်ရာတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့်သင်ခန်းစာ များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် ဒေသခံတောင်သူ (၂၀)ဦးအား  ကျွဲ ၊ နွား ၊ ကြက် ၊ ဝက် ၊ ဘဲ ၊ မြင်း ၊ ဆိတ် စသည့် မွေးမြူးရေးဆိုင်ရာ အာဟာရဗေဒပညာရပ်များနှင့် ယူရီယားသကာတုံး ကောက်ရိုးပြုပြင် ကျွေးမွေးခြင်း အာဟာရဗေဒ ပညာရပ်များကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းသား တစ်ဦးချင်းစီအလိုက် တတ်မြောက်ကျွမ်းကျင်မှုရှိစေရေးအတွက် တစ်နေ့ချင်း သင်ကြားပို့ချပေး သည့် သင်ခန်းစာများကို လက်တွေ့စစ်ဆေးခြင်းနှင့် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုစေခြင်းများဖြင့် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး ထံမှ သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )