ဘူးသီးတောင် စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဝရကျွန်းအုပ်စု(ဘင်္ဂါလီ) ကျေးရွာရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည် သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်ကအဆိုပါ ကျေးရွာရှိ စာသင်ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ၏လမ်းညွှန်ချက်များနှင့် အညီစတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင်ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားကလာရောက် ထိုးနှံသည့် အသက်(၁၈) နှစ် နှင့်အထက် ပြည် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊အောက်စီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်း၊ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ် ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များဆောက်ရွက် ပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
လှကျော်