သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေး

သင်္ဃန်းကျွန်း စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ-ထ-က(၂)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူ များကို ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသောသူများကို သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းမှ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)