ချောင်းဆုံမြို့နယ်တွင် မိုးစပါးချေးငွေဆက်လက်ထုတ်ပေးရာ ယနေ့အထိ ငွေကျပ် (၂၃၄၀၇)သိန်းကျော် ထုတ်ချေးပေးပြီး

ချောင်းဆုံ  စက်တင်ဘာ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းအချိန် က အဆိုပါဘဏ်ခွဲတွင် ကညှော်ကျေးရွာ တောင်သူ (၂၂၀)ဦးအား စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးရာ ယနေ့တွင် တောင်သူ(၂၂၀)ဦး၊ လယ်ဧက(၁၀၁၅)ဧကအတွက် ထုတ်ချေးငွေ (၁၅၂၂၅၀၀၀၀/-) ကျပ်ရှိပြီး စက်တင်ဘာ(၂၇)ရက်နေ့အထိ ကျေးရွာပေါင်း(၂၈)ရွာမှ တောင်သူဦးရေ (၂၃၅၅)ဦး၊ စိုက်ဧက (၁၅၆၀၅)ဧက စုစုပေါင်းထုတ်ချေးငွေ (၂၃၄၀၇၅၀၀၀၀/-) ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်လေးထံမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၃၇၆) စိုက်ပျိုးနိုင်ရန် လျာထားပြီး တောင်သူလယ်သမားများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို သိန်းပေါင်း(၆၄၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ရန် လျာထားကြောင်း ယခုထုတ်ချေးပေးထားသူမှာ ယခင်နှစ် ၂၀၂၀မိုးစပါးချေးငွေ ပြန်လည်ပေးဆပ်ပြီး တောင်သူများကိုသာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ