ချောင်းဆုံ စက်တင်ဘာ ၂၇
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၁ နာရီ က မသန်းစွမ်းသူများအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ချောင်းဆုံရုံးခွဲတို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်/ဆက်ဦးစီးမှူး ဒေါ်မိသူဇာ က မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ချောင်းဆုံရုံးခွဲ စတင်ဖြစ်ပေါ်လာပုံ၊ မသန်စွမ်းဥပဒေ၊ အဆိုပါအသင်းခွဲမှ ဝန်ဆောင်မှုဆောင် ရွက်ပေးနေသည့် အခြေအနေ၊ ရန်ပုံငွေရရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် စီမံကိန်းအခြေအနေ၊ ကြုံတွေ့နေရသည့် အခက်အခဲများကိုမေးမြန်းရာ မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ချောင်းဆုံရုံးခွဲ ဥက္ကဋ္ဌ ဦးငွေထွန်းနှင့် အသင်းရုံးခွဲ ဒု-ဥက္ကဋ္ဌ ဒေါ်ရီရီသစ်တို့က အသေးစိတ် ဆွေးနွေးပေးခဲ့ကြောင်းနှင့် သိရှိလိုသည်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ချောင်းဆုံ