Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါးခယ်မ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကလိပ်ကျုံပတုပ် ကျေးရွာအုပ်စုမှ ကျေးရွာနေပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး နိုင်ရေးကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ အဆိုပါရုံး၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်ပန်းခင်းစီမံချက်တွင်လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူ
Sep 27,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက်သွယ်နိုင်ရန်အတွက် ပန်းခင်းစီမံချက်ဆိုင်းဘုတ် ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံးပေါင်းစုံရှေ့မျက်နှာစာ၌ စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်မှ ပရဟိတညီနောင် (၃)သင်း မိတ္ထီလာမြို့သို့ အောက်ဆီဂျင်နှင့် ဆေးဝါးများ သွားရောက်လှူဒါန်း
Sep 27,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ ပရဟိတ ညီနောင်(၃)သင်းဖြစ်သည့် ဒုက္ခငြိမ်းရာ အေးမေတ္တာအသင်း၊ မေတ္တာ စေတနာရှင်များအသင်း နှင့် ကူညီစိတ်ထား နှလုံးသားလှသူများအသင်း တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက မိတ္ထီလာမြို့သို့ ရောက်ရှိကာ အောက်ဆီဂျင်နှင့် ဆေးဝါးများ လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ (၅၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 27,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ (၁၈)နှစ်အထက် ဦးတည်အုပ်စုအကျုံးဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ Sinopharm ကာကွယ်ဆေး(၁၃၀၀)လုံးအား ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေး
Sep 27,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအသုတ် ပထမ အကြိမ်အနေဖြင့် (၁၈)နှစ်အထက် ဦးတည်အုပ်စုအကျုံးဝင်သည့် ပြည်သူများအား စက်တင်ဘာလ (၂၇)ရက် နံနက်(၈)နာရီအချိန် မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်(၉)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ အသက်(၅၅)နှစ်ထက် ဘိုးဘွားများအားကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေး
Sep 27,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ အသက်(၅၅) နှစ်အထက် သက်ကြီးဘိုးဘွားများကို ယနေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တစ်ချပ်သဲတစ်ပွင့် ဖောင်ဒေးရှင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်သူ ဦးရေ(၁၀၀)ဦး နှင့် ဆေးရုံးဆင်းခွင့်ရသူ (၇)ဦးရှိ
Sep 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ''အုတ်တစ်ချပ် သဲတစ်ပွင့် ''ဖောင်ဒေးရှင်းသုဝဏ္ဏ ကိုဗစ်ကုသရေး စင်တာတွင် ကိုဗစ်-၁၉ ဖြင့် တတ်ရောက်သူဦးရေ ၁၀၀ ဦး ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ ခုနှစ်ဦးရှိနေပြီးဖြစ်ကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့မဈေးအရှေ့နှင့် မြို့အဝင်ဆိပ်ကမ်းများ ၌ ပန်းခင်းစီမံချက်နှင့် ပက်သက်သည့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25382
Page
25383
Page
25384
Page
25385
Current page
25386
Page
25387
Page
25388
Page
25389
Page
25390
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department