Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Sep 24,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများထားရှိရန် Quarantine Centre ထပ်မံပြင်ဆင်ဆောင်ရွက်
Sep 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ များနှင့် ထိတွေ့ခဲ့သူများ၊ စောင့်ကြည့်လူနာများ ထားရှိရန် Quarantine centre အဖြစ်ထပ်မံ အသုံးပြုမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေးညွှန်ကြားချက်များထုတ်ပြန်ဆောင်ရွက်…
Sep 24,2020
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ် အတွင်း ရောင်းချလျက် ရှိသည့် စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေး မြို့နယ် စည်ပင်သာယာအဖွဲ့ မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့ကထုတ်ပြန် အသိပေး နှိုးဆော် ထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့အဝင် နေရာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အဝင် နေရာများဖြစ်သည့် OHC တိုးဂိတ်နှင့် လွိုက်ဆမ်ဆစ်ဂေါက်ကွင်းအနီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စခန်းတို့၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်
Sep 24,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၌ ယနေ့ နံနက်(၉)နာရီက သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များမှ MASK များ ဒုတိယအကြိမ် အခမဲ့လိုက်လံပေးဝေ
Sep 24,2020
ပြည်တွင်းကူးစက်မှုများမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ကော့သောင်းမြို့တွင်ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်းက လမ်းထွက်သွားလာနေသူများအား ပါစပ်နှာခေါင်းစည်းများ လိုက်လံပေးဝေခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ ဆင်များ ကိုဗစ်-၁၉ ကာလ ဆင်စာဘူဖေးအတွက် လှူဒါန်းသူများ နည်းပါးနေ
Sep 24,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ ဆင်များ ကိုဗစ်-၁၉ ကြောင့် ဆင်စခန်းများ ပိတ်ထားသည့် ကာလတွင် အနယ်နယ် အရပ်ရပ်က ဆင်ချစ်သူများ ဆင် စာဘူဖေး ကျွေးမွေးလှူဒါန်းမှုများ ရှိသော်လည်း နည်းပါးလျက် ရှိနေသေးကြောင်း မင်းဘူးခရိုင် သစ်ထုတ် ရေး မန်နေဂျာ ဦးအောင်နေလင်း ထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ် လွယ်ပန်ကျေးရွာတွင် Mask နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း
Sep 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု၊ လွယ်ပန်ကျေးရွာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းအတွက် Mask ၊ ဆန်နှင့် စားသောက်ဖွယ်ရာများကို ယမန်န့ မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25382
Page
25383
Page
25384
Page
25385
Current page
25386
Page
25387
Page
25388
Page
25389
Page
25390
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department