ကျိန္တလီမြို့၌ အသက်(၅၅)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိ

ကျိန္တလီ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသက်(၅၅)နှစ်အထက် ကျန်ရှိနေသော ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာ အောင်ခင်ထွေးတို့က ဆေးထိုးနှံရန်ရောက် ရှိလာသော ပြည်သူများအား ကာကွယ်ဆေး မထိုးမီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ စာရင်းဇယားမှတ်တမ်းရယူခြင်း ကျန်းမာရေး ဝန်ထမ်းမျာက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း စသည့် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသူ များကို မိနစ်(၃၀) အနားယူစေကာစသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီး   ရပ်ကွက်/ကျေးရွာ အုပ်စုများမှ  အသက်(၅၅)နှစ်အထက် ပြည်သူ(၈၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၃)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၁၁)ဦး၊  မသန်စွမ်း(၅)ဦး၊ စေတနာ့ဝန်ထမ်း(၈)ဦး၊  အလုပ်ရုံ/စက်ရုံ ဝန်ထမ်း(၂)ဦး ပြည်သူ စုစုပေါင်း(၁၂၄)တို့အား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)