မေတ္တာမြို့တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၇)ဦးထပ်မံတွေ့ရှိရပြီး မြို့အတွင်း ပိုးတွေ့လူနာပေါင်း(၃၃၃)ဦးအထိရှိလာ

မေတ္တာ စက်တင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိရကြောင်း မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

  ယမန်နေ့က မေတ္တာမြို့၊မြေးခံဘော်ကျေးရွာ၊ လူငယ်Centre Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၁၀)ဦးအား COVID-19 Antigen RDT  Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၇)ဦးစလုံးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါပိုး တွေ့လူနာများအား မိမိတို့နေအိမ်များတွင် Home Quarantineနေထိုင်စေပြီး ဆေးဝါးကုသ နိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မေတ္တာမြို့တွင် စက်တင်ဘာလ ၂၇ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ ပေါင်း (၃၃၃)ဦးရှိပြီး၊သေဆုံးသူ (၇)ဦးရှိပြီဖြစ်ကြောင်း နှင့် လက်ရှိကျေးရွာအဆင့်ဖွင့်လှစ် Quarantine center နှင့် မိမိတို့၏နေအိမ်များတွင် ဆေးကုသမှုခံယူနေသူ (၁၇၄)ဦးရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

နန်းခလိုက်(မေတ္တာ)