မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံပေး

မုံရွာ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများ၊ ဦးတည် အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် နာရီမှ မွန်းလွဲ နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၁၂၁)ဦး၊ (၁၂၉)ဦး၊ ပေါင်း(၂၅၀)ဦး၊ အမက(၂၉) မုံရွာတောင် ရပ်ကွက်တွင် ကျား(၁၀၅)ဦး၊ (၁၄၅)ဦး၊ပေါင်း(၂၅၀)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား(၉၅)ဦး၊ (၁၅၅)ဦး၊ ပေါင်း(၂၅၀)ဦးနှင့် အထက()တွင် ကျား(၁၀၁)ဦး၊ (၁၃၉)ဦး၊ ပေါင်း(၂၄၀)ဦး စသည့် သတ်မှတ် နေရာ()ခုတွင် ကျား(၄၂၂)ဦး၊ (၅၆၈)ဦး၊ ပေါင်း(၉၉၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ စနစ်တကျ ပြည်သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)