စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့် (၆၄) နှစ်ကြား သက်ကြီး ဘိုး၊ဘွားများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ

စဉ့်ကိုင်   စက်တင်ဘာ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့်  (၆၄)နှစ် ကြား သက်ကြီး ဘိုး၊ ဘွားများနှင့် မသန်စွမ်းသူများအား ကိုဗစ် - ၁၉   ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ ထိုးနှံခြင်းမရှိသေးသည့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား  ပထမအကြိမ်  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌     ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ    (ပြည်သူ့ကျန်းမာ)   ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာ သက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ    ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေး ဆက် လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင်ကာကွယ် တားဆီးနိုင် စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်  ပူးပေါင်းပြီးပြည်သူများ လိုက်နာစေရန်၊  အသံချဲ့စက်များ၊  Hand  Spaker  ဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများဖြန်းပေးခြင်း၊    ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး စဉ့်ကိုင်မြို့နယ်တွင် ယမန်နေ့အထိ (၂၉၀၀) ဦး ကာကွယ်ဆေး ထိုးနှံထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဝင်းဝင်းသန်း