အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။ 
Sep 29,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချစေရန်ရောဂါကူးစက်ပြန့်ပွားမှုကို တာဆီးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့် ပြီးသူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၁၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်၊   ချောင်းပတ်  ကျေးရွာအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများ သိရှိစေရန်    လှည့်လည်အသိပေး   နှိုးဆော်ခြင်းကို   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီက  ချောင်းပတ်ကျေးရွာ အတွင်း Hand   Speaker  ဖြင့်လှည့်လည်  နှိုးဆော်ခြင်းများ နှာခေါင်းစည်း  ( Mask )ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 29,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်၊   ချောင်းပတ်  ကျေးရွာအတွင်းကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ သိရှိစေရန်  လှည့်လည်အသိပေး   နှိုးဆော်ခြင်းကို   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များပူးပေါင်း၍ယနေ့ နံနက် (၉)နာရီက  ချောင်းပတ်ကျေးရွာ အတွင်း Hand   Speaker  ဖြင့်လှည့်လည်  နှိုးဆော်ခြင်းများ နှာခေါင်းစည်း  ( Mask )   အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Sep 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကျေးရွာအုပ်စု(၆၈)အုပ်စုရှိ တောင်သူ များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သံဖြူဇရပ်မြို့နယ်မှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကစတင် ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဦးစားပေးအုပ်စု ပြည်သူများအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အသက်အုပ်စုအလိုက်နှင့်      ဦးစားပေးအုပ်စုများတွင် ပါဝင်သူပြည်သူများအား တရုတ်နိုင်ငံထုတ် Sinpharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင်မြို့နယ်အတွင်းရှိ ကာကွယ်‌ဆေး ထိုးစုရပ်များ၌ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Sep 29,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊vတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် ဗမာ-ထားဝယ် အသံသွင်းထားသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် လူစည်ကားသောနေရာများ၌ Hand speaker ဖြင့် လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။