ပုံပါကျင် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကုန်းဆာကျေးရွာ၊ မဟိန်ကောင် မူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အဖွင့်အမှာစကား ပြောကြားရာ တွင် ဒေသခံပြည်သူများ၏ ရေရှည်အကျိုးအတွက် မြေငှားဂရန်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြေငှားဂရန်များ လက်ဝယ်ရောက်ရှိပါက စနစ်တကျ သိမ်းဆည်းထားရန်နှင့် မြေငှားဂရန်အား ပလပ်စတစ် လောင်းခြင်း မပြုလုပ်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးလှအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရှီးမွန်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးဇော်ထက်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး စိုင်းသက်တင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစီးအရာရှိ ဦးအောင်အောင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးလှမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မျိုးမြင့်ထွန်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်ပိုင်မှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်အောင် တို့က ကျေးရွာမြေငှား ဂရန်များကို ဒေသခံ ပြည်သူ(၁၂၈)ဦး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး ကုန်းဆာကျေးရွာနေ ပြည်သူများကိုယ်စား ဦးစောစံထူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)