လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၄၇၈)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိ

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင်  ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် သက်ကြီး ဘိုးဘွား(၄၇၈)ဦးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ  လူမှုရေးပင်စင်ထောက်ပံ့ငွေ များကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားနေရသော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ  အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၁၅) ရပ်ကွက်နှင့်  ရွှေလင်ပန်း ကျေးရွာအုပ်စု၊ ရှမ်းချောင်းကျေးရွာအုပ်စု၊ ကစင်ကျေးရွာအုပ်စု၊‌ ရေဥက္ကံ‌ကျေးရွာအုပ်စု၊ ညောင်ကျေးရွာ အုပ်စု စုစုပေါင်း (၄၇၈)ဦးတို့အတွက် ငွေကျပ် ၁၄၃၄၀၀၀၀  ကို ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက  ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)