ကလိန်အောင် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ ပါဝင်သော အသိပညာပေး နံရံကပ်စာစောင်အား ယနေနံနက် (၁၀) နာရီအချိန်ခန့်က ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် COVID-19 ရောဂါလက္ခဏာတွေကို သင်သိရှိ ပါသလား၊ သင့်အိမ်တွင် အိမ်သားတစ်ဦးဦး နေမကောင်းဖြစ်လျှင် ဘာလုပ်ရမလဲ၊ ဘယ်ဆေးတွေကို သောက်ရမလဲ၊ ဘယ်ဆေးတွေကို ရှောင်ရမလဲ၊ သီးခြားနေထိုင်စေခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းအတွက် အချိန်ကာလ သတ်မှတ်ချက်၊ အသက်ရှူကြပ်ခြင်း၊ မောခြင်းကို သက်သာစေသည့် အနေအထားများ၊ သင့်ရဲ့အောက်ဆီဂျင်ပမာဏကို စစ်ဆေးတိုင်းတာခြင်း၊ သင်ကိုယ်တိုင်နှင့် အခြားသူများကို ကိုဗစ်-၁၉ ကပ်ရောဂါမှ ကာကွယ်နိုင်ရန် အမြဲလိုက်နာရမည့် အချက်များ၊ The NEW NORMAL နေထိုင်မှုပုံစံ အသစ် ဖြင့် လုံခြုံစွာနေထိုင်ရန်နည်းလမ်းများ၊ ပို၍ လုံခြုံစိတ်ချရသော ရွေးချယ်မှုများကို ပြုလုပ်ရန်အတွက် သင့်ကိုကူညီမည့် အချက်များစသည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပန်ကြားချက် များအား ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ရန် ပြသထားကြောင်း သိရ သည်။
ကလိန်အောင် (ပြန်/ဆက်)