မိုးနဲ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ”ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ "ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံ ပေးရာတွင်မိုးနဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမြို့နယ် ဦးစီးဌာနမှူး ဒေါက်တာခိုင်မြဲစည်သူနှင့် ဝန်ထမ်းများမှ ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိခွေးမွေးမြူထားရှိသော ပြည်သူများမှ မိမိတို့ခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း နှင့်ခွေးရူး ရောဂါအကြောင်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အိမ်မွေးတိရိစ္ဆာန်များကို ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် မိသားစုရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်ပေးနိုင်မည်ဖြစ်၍ ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးက ပြောကြားခဲ့သည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)