အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီးတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် Hygiene Kit များနှင့် ခြုံစောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ တိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 11,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကစ၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  
Jan 11,2022
မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံရန် လျာသူဦးရေ၏ ၅၃.၇၄ ရာခိုင်နှုန်းကို အဆိုပါကာကွယ်ဆေးများ ထိုးနှံပြီးစီးပြီဖြစ်ကာ ကျန်ရှိသူနေများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင်၊ မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း၊ (အေရိုးဗစ်)ပြိုင်ပွဲကို ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေးခဲ့သည်။
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင်စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီအဖွဲ့တို့မှယနေ့နံနက် ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jan 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ မြို့အဝင်သန့်ရှင်းသာယာလှပစေ ရေး၊ မြို့အင်္ဂါရပ်နှင့် အညီ လှပစေရန်အတွက် ပြည်သူ့ဆေးရုံရှေ့မြေယာ ရှုခင်းများ ဆောင်ရွက် ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်
Jan 11,2022
ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယနေ့  နံနက် ၁၀ နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။