အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ စက္ကူအရုပ်ခေါက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကံရွာအုပ်စု အလယ်ရွာကျေးရွာ၌ ကျေးရွာ တွင်းလမ်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် သဲကျောက်ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ လမ်းများတွင် ကျေးရွာနေပြည်သူများက စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
Jan 11,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ ဒေသခံပြည်သူများ ကိုယ်လက်ကြံခိုင် သန်စွမ်းစေရန်၊ အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန် ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချောက်မြို့နယ် အားကစားကွင်းအတွင်း၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 11,2022
မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာအုပ်စု တမာပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် သောက်သုံးရေအခက် အခဲကြုံတွေ့လျက်ရှိကြောင်းသိရ၍ ကမ်းလက်များ ပညာရေးနှင့်ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့က ယမန်နေ့ တွင် သွားရောက်ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Jan 11,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ခရီသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO)အဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီက ချောင်းဆုံမြို့ပေါ် (၃)ရပ်ကွက်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ Motel များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVID Shield)ကို လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ဆေးထိုးနှံပြီး (၆)လတာကာလကျော်လွန်ခဲ့ပြီးသော ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ အသက်(၅၀)အထက် ၀န်ထမ်းများ၊ (၆၅)နှစ်အထက် ပြည်သူများအား ဒုတိယနေ့အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက် အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။