Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထနေ့ ဆက်လက်ထိုးပေး
Aug 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးဆေးကို စတုတ္ထနေ့အဖြစ် ဆက်လက်၍ ဆေးထိုးစုရပ်များ တိုးချဲ့ဖွင့်လှစ်ပြီး ထိုးနှံ လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 05,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို ယနေ့နံနက်က မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပေးနှိုးဆော်
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများက ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုနှင့် ရေဘေးရှောင် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး
Aug 05,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိပြီး မြို့နယ်ဇမိခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ့လျက်ရှိသည့် မိဘပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည့် မိဘပြည်သူများအား အာဟာရဖြည့် ကြက်ဥများ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တက်ရောက်
Aug 05,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်၊၊
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် -၁၉ ရောဂါနှင့်ပတ်သက်၍ မိဘပြည်သူများသိရှိစေရန် အသိပေးကြေညာခြင်း
Aug 05,2021
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျေး ရွာနှင့် တောင်ရှည်ကျေးရွာအုပ်စု သပြေကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား မှုကို ထိရောက်စွာကာကွယ် ထိန်းချုပ်ကုသရေးအတွက် ပြည်သူများပူးပေါင်း ပါဝင်မှသာ လုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်မညိဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်များကို အားလုံးကိုယ်စီလိုက်နာကြရန် အသိပေးပန်ကြားအပ်ပါသည်-
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ Quarantine Centerများ၊ Positive Isolation ward များ၊ ကျန်းမာရေး စစ်ဆေးဂိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတ…
Aug 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ Quarantine Center များ၊ Positive Isolation ward များ၊ ကျန်းမာရေး စစ်ဆေးဂိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူရှင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23090
Page
23091
Page
23092
Page
23093
Current page
23094
Page
23095
Page
23096
Page
23097
Page
23098
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department