အင်္ဂပူမြို့နယ်၌ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး 

အင်္ဂပူ  ဇန်နဝါရီ  ၁၁ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင်စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီအဖွဲ့တို့မှယနေ့နံနက် ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော် စျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား စျေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်ပစ္စည်းအညွှန်းအမှတ်အသားပြည့် စုံမှုရှိမရှိ၊ ဘေးအန္တရာယ်ရှိ date လွန်ကုန်ပစ္စည်းများရောင်းချမှုရှိမရှိ၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေးနှင့်လုံခြုံစိတ်ချမှု ရှိစေရေးအတွက်စစ်ဆေးခြင်း၊ ကျန်းမာရေးကထုတ်ပြန်ထားသေား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာဆောင် ရွက်ရေးတို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။

 

မြို့နယ်