လက်ပံတန်း ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ မြို့အဝင်သန့်ရှင်းသာယာလှပစေ ရေး၊ မြို့အင်္ဂါရပ်နှင့် အညီ လှပစေရန်အတွက် ပြည်သူ့ဆေးရုံရှေ့မြေယာ ရှုခင်းများ ဆောင်ရွက် ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ထိုသို့စိုက်ပျိုးဆောင်ရွက်ရာတွင် လက်ပံတန်းမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးအောင်မိုးနှင့် ဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ်တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ဆေးသုတ်ခြင်း၊ ပေါင်းမြက်များဖြတ်ခြင်း၊ လမ်းဘေးဝဲယာ တစ်လျှောက် ပန်းအလှပင်များ စိုက်ပျိုးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လက်ပံတန်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက် များ သိမ်းဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းထံမှ သိရသည်။
ဝင့်နန္ဒာဌေး