ကျောက်မဲ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကစ၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးစိုင်းမင်းထွန်းက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ဝင်ငွေများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ကလေးဝတ်၊ လူကြီးဝတ် အထည်များချုပ်လုပ်နည်းများကို သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်လကြာမြှင့်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အမျိုးသမီး ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)